close

ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာတော် ၁ ပါးအပါအဝင် ၄ ဦးထပ်မံသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာတော် ၁ ပါးအပါအဝင် ၄ ဦး ထပ်မံသေဆုံးတယ်လို့ သိရပါတယ်။

မနေ့ညပိုင်းမှာ ၁ ဦးသေဆုံးပြီး ဒီနေ့မနက်ပိုင်းမှာ ၃ ဦးသေဆုံးသွားတာဖြစ်ပြီး ပန်းတောင်းမြို့နယ်ကနေ ပြည်မြို့ အောင်ဆန်းကွက်သစ် တိုးချဲ့ ၅ လမ်းမှာ လာရောက်သတင်းသုံးနေတဲ့ သက်တော် ၆၄ နှစ်အရွယ် ဆရာတော် ၁ ပါးနဲ့ ကျန် ၃ ဦးကတော့ ပြည်မြို့ပေါ်ရပ်ကွက် ဆေးရေးရပ်ကွက်၊ ရုံးလမ်းက အသက် ၆၅ နှစ်အရွယ်အမျိုးသား ၁ ဦး၊ တရုတ်စုရပ်ကွက်က အသက် ၈၀ အရွယ်အမျိုးသား ၁ ဦးနဲ့ ရွှေလက်လှရပ်၊ ဝါရုံလမ်းက အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ပြည်မြို့ပေါ်မှာ ကိုဗစ်တတိယလှိုင်းကာလာ ဒီနေ့ ၄ ဦးအပါအဝင် သေဆုံးသူ ၁၄ ဦးရှိပြီး၊ ရောဂါကူးစက်ခံရသူ ၂၇၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၃ ဦးရှိပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up