close

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲချက်တင်အမိန့်ချ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးစွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၉ ရက်နေ့က စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင်ခဲ့တာပါ။

“ဝန်ကြီးချုပ်ကြီး အနေနဲ့ ထောင်ထဲမှာ အရင်ရက်တွေက ရာသီဥတု အရမ်းပူတော့ ကျန်းမာရေး မကောင်းတာတော့ဖြစ်တယ်။ အရမ်းတော့ စိုးရိမ်စရာအခြေအနေမရှိပါဘူး။” လို့ ရှေ့နေ တစ်ဦး က ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာ ခံစားနေရတဲ့ လူနာ တစ်ဦးလည်းဖြစ်ပါတယ်.

သူ့ရဲ့ အမှုနဲ့ ပတ်သက်လို့ ဇူလိုင် ၃၀  ရက်နေ့မှာ ဆက်လက်ရုံးချိန်းပေးခဲ့ပြီး ပြန်ခေါ်သက်သေစစ်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up