မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၄ ဦး ထပ်မံတွေ့ရှိ ၊ ၂ ဦး သေဆုံး


မွန်ပြည်နယ်မှာ ဇူလိုင် ၉ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၄ ဦး ထပ်မံတွေ့ ရှိခဲ့ပြီး ၂ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ရောဂါပိုး တွေ့ရှိမှုအရ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ၅ ရက်ဆက်တိုက် ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်၊ သံဖြူဇရပ် ဘီးလင်းနဲ့ သထုံမြို့နယ်မှာ ရောဂါပိုး အများဆုံး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကိုဗစ်အတည်ပြုလူနာ မော်လမြိုင်မြို့နယ် ၁ ဦးနဲ့ ပေါင်မြို့နယ် ၁ ဦး စုစုပေါင်း ၂ ဦး ထပ်မံ သေဆုံးခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ဇူလိုင် ၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀၀ ကျော်ထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၅၀ ကျော် သေဆုံးထားပါတယ်။