close

ခင်ဦးမြို့နယ် ကံသစ်ရွာတွင် အမျိုးသား ၁ ဦး ဓားဖြင့် ခုတ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာသားတစ်ယောက်ဖြစ်တဲ့  ကိုဝင်းကျော်ဟာ ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီမှာ ဓားနဲ့ ခုတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ ကိုဝင်းကျော်ဟာ ရွာထဲမှာ ပြည်သူတွေကို နှစ်ရက်တိုင်တိုင်လိုက်လံ ဆဲဆိုနေခဲ့ကာ အရက်မူးစိန်ခေါ်တာကြောင့် အခုတ်ခံလိုက်ရတာလို့  ရွာသားတစ်ဦးက ပြောပါတယ်။ 

''မင်းတို့ခေတ်မဟုတ်ဘူး။ ငါတို့အဘတွေ ခေတ်ရောက်နေပြီ မင်းတို့. ပါတီ ဘာတတ်နိုင် သေးလဲလို့  မခံနိုင်အောင် မနက် ၁၀ နာရီတည်းက ဆဲဆိုနေတာ၊  ရွာက လူငယ်တွေက ပြန်ပြောရာကနေ ကိုဝင်းကျော်က ဓားရှည်နဲ့ စခုတ်တာကြောင့် ပြန်ခုတ်လိုက်တာကနေ လည်ပင်း ပြတ်ပြီး သေဆုံးသွားတာ။”

ကိုဝင်းကျော်ဟာ ရွာမှာ ဒလန်လို့ လူအများသတ်မှတ်ခံထားရသူဖြစ်ပြီး ခင်ဦးမြို့ ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့  ရွာသားတွေက ပြောပါတယ်။

ကိုဝင်းကျော် သေဆုံးပြီးနောက် သူ့ရဲ့ ယောက္ခမ  ကြံ့ခိုင်ရေးပါတီဝင် ဦးမျိုးလင်းက စစ်တပ်ကို ချက်ချင်းဖုန်းဆက်လိုက်တာကြောင့် စစ်ကား ၃ စီး ရောက်လာပြီး ရွာမှာ သေနတ်ဖောက် လိုက်ဖမ်းရာ လူငယ်တွေ ထွက်ပြေးနေရပါတယ်။ 

"ယောက္ခမဖြစ်သူ ဦးမျိုးလင်းဟာ ၂၀၁၂ ခုနှစ်တုန်းက အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဆန္ဒပြတဲ့ အချိန်ကတည်းက ဒလန်လုပ်​နေခဲ့တာ။ အခု သူပြန်လာလို့ သားမက်ဖြစ်သူက အားတက်ပြီး စိန်ခေါ်ရဲတာ''လို့ ရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ခင်ဦးမြို့မှာ     ၉ ယောက်မြောက်အထိ အသတ်ခံထားရပြီလည်း သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up