close

ကန်ကြီး​ထောင့်တွင် ဘဏ်ဝန်ထမ်းများအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၁ ဦးတွေ့၊ လူနာ ၁ ဦး သေဆုံး

ဧရာဝတီတိုင်း၊ ကန်ကြီး​ထောင့်မြို့နယ် ဇူလိုင် ၁၂ ရက်​က မြန်မာ့စီးပွား​ရေးဘဏ်ဝန်ထမ်း ၁၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၁ ဦးရှိပြီး လူနာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပိုး​တွေ့ရှိသူတွေကတော့ မြန်မာ့စီးပွား​ရေးဘဏ်ဝန်ထမ်းတွေအပါအဝင် ​မြေစာရင်း၊ စည်ပင်သာယာ၊ သမဝါယမနဲ့ အခွန်ဦးစီးဌာနက ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကန်ကြီး​ထောင့်မြို့မှာ ပြည်သူတွေ ​နေအိမ်မှာသာ ​နေထိုင်ကြဖို့၊ မဖြစ်မ​နေ သွားလာသူတွေအနေနဲ့ Mask ၊ Face shield နဲ့ လက်အိတ်တွေ ဝတ်ဆင်သွားကြဖို့ အသိ​ပေး ထုတ်ပြန်ထားပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၂၀ ကျော်နဲ့ သေဆုံးသူ ၅ ဦးရှိပြီလို့ သိရပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေ ကန်ကြီးထောင့်မြို့နယ်ဆေးရုံ၊ ဆေးရုံဟောင်း၊ သဘာဝဘေးဖြစ်ပါက ထားဖို့ ဆောက်ထားတဲ့နေရာတွေမှာ ကုသပေးနေပါတယ်။

ကန်ကြီး​ထောင့်မြို့နယ်အား Stay at home အဖြစ် စစ်ကောင်စီရဲ့ ကျန်းမာ​ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်​နေ့မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up