လီဗာပူးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းမှ ယူနက်စကို ပယ်ဖျက်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုက ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်က လီဗာပူးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ပယ်ဖျက်လိုက်ပြီလို့ ဇူလိုင် ၂၁ ရက်က ပြောလိုက်ပါတယ်။
လီဗာပူးမြို့ရဲ့ ဗစ်တိုးရီးယားဆိပ်ကမ်းတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ နှစ်နဲ့ချီ ဆောင်ရွက်အပြီးမှာ ခုလို ပယ်ဖျက်လိုက်တာပါ။
ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ အဖွဲ့ဝင်တွေက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲပေးမှုအပြီးမှာ လီဗာပူးမြို့ကို နိုင်ငံတကာယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ စာရင်းထဲကနေ ပယ်ဖျက်သင့်တယ်လို့ ယူနက်စကိုက တွစ်တာလူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။
ဒီလို မဲပေးခဲ့တာကြောင့် လီဗာပူးမြို့ဟာ တာ့ဂျ်မဟာနဲ့ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးတို့လို ကမ္ဘာ့ထင်ရှားတဲ့ နေရာတွေနဲ့ တန်းတူ ၂၀၀၄ ခုနှစ်တည်းက သတ်မှတ်ခံရတဲ့ အဆင့်အတန်းကို ဆုံးရှုံးသွားလိမ့်မယ်လို့ ရိုက်တာ သတင်းမှာရေးပါတယ်။