ဒဏ်ရာရမန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် မကြာခင် လေ့ကျင့်ခန်းပြန်ဆင်းရန် မျှော်မှန်း

မန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာဟာ သက်သာပျောက်ကင်း တိုးတက်မှုရှိလာတာကြောင့် စက်တင်ဘာလဆန်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ မျှော်မှန်းထားတယ်လို့သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီကရရှိခဲ့တဲ့ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး ဒဏ်ရာအခြေအနေက လျင်မြန်စွာတိုးတက် ကောင်းမွန်လာနေတယ်လို့ The Sun သတင်းစာကဆိုပါတယ်။
လာမယ့်၁ဝရက်အတွင်းမှာပဲ သက်သာလာ နိုင်ပြီး သြဂုတ်လအကုန်သို့မဟုတ် စက်တင်ဘာလဆန်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ ရက်ရှ် ဖို့ဒ်က မျှော်လင့်ထားတယ်လို့သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာပခုံးဒဏ်ရာကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက ရခဲ့တာဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေ ကစားနေတဲ့ကာလမှာ ခွဲစိတ်ကုသခဲ့တာပါ။ အားပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ရှိပြီး ကုသမှုတွေအားလုံးလည်း အဆင်ပြေခဲ့တယ်လို့ ခွဲစိတ်ကုသမူအပြီးမှာ ရက်ရှ်ဖို့ဒ်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။