ရော်နယ်ဒိုကို နံပါတ် ၇ ဂျာစီဝတ်ဆင်ခွင့်အတွက် ပရီးမီးယားလိဂ်၏ အထူးအခွင့်အရေးပေးမှု လိုအပ်

မန်ချက်စတာယူနိုက်တက် ကစားသမားသစ် ရော်နယ်ဒိုအနေနဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရဖို့ အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအသင်းမှာ တိုက်စစ်မှူးကာဗာနီက ကျောနံပါတ် ၇ ဂျာစီကို မှတ်ပုံတင်ထားပြီး ဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ နံပါတ်ဘယ်လောက် ဝတ်ဆင်မလဲဆိုတာ သိရှိရခြင်း မရှိ သေးပါဘူး။
ကာဗာနီဘက်က ကျောနံပါတ် ၇ ပေးမယ်ဆိုရင် ရော်နယ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အထူးအခွင့်အရေးပေးမှု တစ်ခုလည်း လိုအပ်မယ်လို့ သိရပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အနေနဲ့ ကာဗာနီကို ရောင်းချမယ်ဆိုရင်တော့ ရော်နယ်ဒိုအနေနဲ့ ကျောနံပါတ် ၇ ဂျာစီကို အလွယ်တကူ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။
ကာဗာနီက အသင်းမှာဆက်ရှိပြီး ကျောနံပါတ် ၇ ဂျာစီ မပေးခဲ့ဘူးဆိုရင်တော့ ရော်နယ်ဒို အနေနဲ့ စပို့တင်းလစ္စဘွန်းမှာ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၂၈ ကို ရယူဖွယ်ရှိတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေအပြင် ပေါ်တူဂီအသင်းမှာလည်း ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။