၂၀၂၃ ခုနှစ်တွင် မန်စီးတီးကနေ ထွက်ခွာမည်ဟု နည်းပြဂွါဒီယိုလာ အတည်ပြု

လာမယ့် ၂၀၂၃ ခုနှစ်မှာ မန်းစီးတီးကနေ ထွက်ခွာသွားမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဂွါဒီယိုလာဟာ ၂၀၂၃ ခုနှစ်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းထပ်တိုးမှာမဟုတ်ဘူးလို့ ဆိုခဲ့တာကြောင့် နောက်တရာသီ ဆက်လက်ကိုင်တွယ်ပြီးပါက အသင်းကနေ ထွက်ခွာတော့မှာပါ။
အဲဒီအချိန်ရောက်ခဲ့ပါက ခေတ္တအနားယူမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ နိုင်ငံ့လက်ရွေးစင်အသင်းတသင်းကို ကိုင်တွယ်သွားလိုတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
“မန်စီးတီးနဲ့ ၇ နှစ်ကြာဖြတ်သန်းပြီးသွားတဲ့အခါ နည်းပြဘဝကို ခေတ္တရပ်ပြီး တခြားနည်းပြတွေဆီကနေ သင့်ယူလောလာတာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ယူရိုပြိုင်ပွဲဝင် အသင်းတသင်း၊ ကိုပါ အမေရိကအသင်းတသင်း ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတသင်းကို နည်းပြလုပ်သွားချင်ပါတယ်။”
စပိန်နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ နည်းပြခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
စပိန်နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ချန်ပီယံ ၃ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ရခဲ့ဖူးပါတယ်။