အာဆီယံဒေသတွင်း ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၀,၀၀၀ နီးပါးရှိ

အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄၀,၀၀၀ နီးပါး ရှိခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ အာဆီယံဒေသတွင်း ၄၉၂ ယောက်ရှိခဲ့ပြီး အရင်နေ့က သေဆုံးမှုစုစုပေါင်း ၆၅၄ ထက် ပိုပြီးတော့ လျော့နည်းလာခဲ့တာပါ။
ကမ္ဘောဒီးယားနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေဟာ အနည်းဆုံး ၁၀ ရက်လောက် တည်ငြိမ်လာမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပြီးတော့လည် ပတ်ခွင့်ပြုသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နိုင်ငံတွင်း နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းဟာ ၃၀၀ ဝန်းကျင်နဲ့ နေ့စဉ်သေဆုံးသူ ၂၀ လောက် ရှိနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စင်ကာပူနိုင်ငံကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နည်းဥပဒေတွေ အဆင်ပြေ ချောမွေ့စေဖို့ ပြင်ဆင်နေပြီး လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့က စတင်ပြီးတော့ ကာကွယ်ဆေးမ ထိုးထားသူတွေကို စားသောက်ဆိုင်တွေမှာ စားသောက်ခွင့်၊ ဈေးဝယ်စင်တာတွေနဲ့ အထင်ကရနေရာတွေကို သွားလာလည်ပတ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ အသက် ၁၂ နှစ်အောက်ကလေးတွေနဲ့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရပြီး ပြန် လည်သက်သာလာသူတွေနဲ့ ရောဂါကူးစက်ခံထားရခြင်းမရှိကြောင်း ဓာတ်ခွဲခန်းအဖြေ ထွက်သူတွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
လတ်တလောအချိန်ထိ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂ ဒသမ ၅၄ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၆၈,၆၅၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် ရှိနေပြီး သူ့ နောက်မှာ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၈ သိန်းကျော်၊ ဗီယက်နမ်နိုင်ငံက ၄ သိန်း ကျော်စီနဲ့ အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။