ဂျာမနီက မြောက်မက်ဆီဒိုးနီးယားကို အနိုင်ရခဲ့လျှင် ပထမဆုံးခြေစစ်ပွဲအောင်အသင်း ဖြစ်လာမည်

ဂျာမနီအသင်းဟာ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ရမယ့် မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ ပထမဆုံးအသင်း ဖြစ်လာမှာပါ။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ပွဲကစားအပြီးမှာ ၆ ပွဲနိုင် ၁ ပွဲ ရှုံး၊ ရမှတ် ၁၈ မှတ်နဲ့ အုပ်စုမှာ ဦးဆောင်နေတာပါ။
ဒုတိယနေရာက မြောက်မက်ဆီဒိုးနီးယားနဲ့ တတိယနေရာက အာမေးနီးယားတို့က ၁၂ မှတ်စီ အစဉ်လိုက် ရပ်တည်နေတာပါ။
ဂျာမနီအနေနဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင် ရမှတ် ၂၁ မှတ်ရရှိမှာဖြစ်ပြီး လက်ကျန် ၂ ပွဲအလိုမှာ ၉ မှတ်အထိ ဖြစ်ထားနိုင်မှာဖြစ်လို့ ခြေစစ်ပွဲအောင်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။
ဂျာမနီအသင်းကို ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်ဆီဖလစ်ခ်က တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ သေချာစေမယ့်ပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ ဂိုးသမား နူအာ ပြန်လည်ကစားနိုင်ဖို့ နည်းပြ ဟန်ဆီဖလစ်က မျှော်လင့်နေပါတယ်။
ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲကြီးတွေဖြစ်တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတွေမှာ အောင်မြင်မှုမရခဲ့တဲ့အသင်း ဖြစ်ပါတယ်။
တခြားဥရောပဇုန်က အသင်းတွေထဲမှာတော့ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်နဲ့ အင်္ဂလန်အသင်းတွေဟာလည်း ခြေစစ်ပွဲအောင်မြင်ဖို့ အခြေအနေကောင်းနေပါတယ်။