ဧရာဝတီတိုင်း၌ ၁ လအတွင်း ဗုံး ၃၃ ကြိမ် ပေါက်ကွဲပြီး ရဲ ၂ ဦးသေဆုံးခဲ့

ဧရာဝတီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလအတွင်း ဗုံး ၃၃ ကြိမ်ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဗုံး ၃၃ ကြိမ်ထိ ဖောက်ခွဲခဲ့ပြီး ရဲ ၂ ဦးကို သေနတ်နဲ့ ဝင်ပစ်ခဲ့တာဟာ ဧရာဝတီတိုင်းအတွင်းရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်တာလို့ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲမှု ၃၃ ကြိမ်ဟာ စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲခဲ့တာဖြစ်သလို အဲ့အထဲမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးတာ ၁၃ ကြိမ်ထိရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့တဲ့ ဗုံးခွဲခဲ့တဲ့ ဖြစ်စဉ်တွေမှာ စစ်အုပ်စု ဩဇာခံ ရဲ ၄ ဦးသေဆုံးခဲ့သလို တိုင်းအတွင်းက စစ်တပ်သတင်းပေး ဒလန် ၄ ဦးကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။