ပင်လယ်ကွေ့နားအနီး အီရန်စစ်တပ် စစ်ရေးလေ့ကျင့်

အီရန်စစ်တပ်ဟာ ဇိုဖှာကာ ၁၄၀၀ လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ကွေ့နားမှာ နိုဝင်ဘာ ၈ ရက်က စတင်ပြုလုပ်လိုက်ပါတယ်။
အမြောက်တွေ၊ ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်လေ့ကျင့်သလို နိုဝင်ဘာ ၉ ရက် စစ်ရေးပြပွဲမှာလည်း ရဟတ်ယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘော တစီးလည်း ပါဝင် ဆင်နွှဲခဲ့ပါတယ်။
အီရန်ကာကွယ်ရေးဦးစီးချုပ် အဘ်ဒိုရာဟင် မူဆာဗီလဲ စစ်ရေးပြပွဲကို တက်ရောက်ပြီး တပ်တွေကို အလေးပြုခဲ့ ပါတယ်။
ဟော်မုဇ် ရေလက်ကြားရဲ့ အရှေ့ခြမ်းကနေ အိန္ဒိယသမုဒ္ဒရာ မြောက်ခြမ်းထိနဲ့ ပင်လယ်နီ အစိတ်အ ပိုင်းတွေမှာပါ အီရန်က စစ်ရေးလေ့ကျင့်နေတာလို့ အစိုးရရုပ်သံက ကြေညာပါတယ်။
ပင်လယ်ကွေ့ထဲက ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ ရေနံ သုံးစွဲမှု ငါးပုံတပုံ ဖြတ်သန်း သယ်ဆောင်ရာ ဗျူဟာမြောက် နေရာပါ။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက် ပြန်အ သက်သွင်းရေး ဆွေးနွေးပွဲ ပြန်မစခင် သီတင်းပတ် နည်းနည်း အလိုမှာ ခုလို လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ကတည်းက ခုထိ ပင်လယ်ကွေ့ထဲမှာ အမေရိကန်နဲ့ အီရန် စစ်တပ်တွေကြား မကြာခဏ ထိပ်တိုက်တွေ့ခဲ့တာပါ။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အီရန်နဲ့ နျူကလီးယား သဘောတူညီချက် ကနေ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အပြင်းအထန် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ အီရန်ကလည်း နျူကလီးယား အစီအစဉ် ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး တုံ့ပြန်ခဲ့ပါတယ်။
သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ အီရန်နဲ့ လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရတို့ကြား တိုက်ရိုက် မဟုတ်တဲ့ ဆွေးနွေးပွဲတွေကို နိုဝင်ဘာ ၂၉ ရက်မှာ ဩစတြီးယား နိုင်ငံရဲ့ မြို့တော် ဗီယန်နာမြို့မှာ ကျင်းပဖို့ စီစဉ် ထားပါတယ်။