အိန္ဒိယနိုင်ငံတောင်ပိုင်း မိုးကြီး ရေလွှမ်းသဖြင့် ၁၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ ကျန်ခဲ့တဲ့ ရက်တွေအတွင်း မိုးအကြီးအကျယ် ရွာပြီး ရေလွှမ်းမိုးမှုကြောင့် နိုဝင်ဘာ ၁၁ ရက်ထိ သေဆုံးသူ ၁၄ ယောက်ထက် မနည်း ရှိခဲ့ပါတယ်။
တချို့လူတွေက နံရံတွေ ပြိုကျတာကြောင့် ပိမိသေဆုံးကြတာလို့ ပြည်နယ်အစိုးရ အရာရှိတယောက်က ပြောပါတယ္။
ပြည်နယ်ရဲ့မြို့တော် ချန်နိုင်းမှာလည်း နေရာ အတော်များများ ရေလွှမ်းနေပြီး ပုံမှန်လူနေမှုဘဝ ရပ်တန့်နေကာ ရေတွေက အဆောက်အအုံတွေထဲထိ ဝင်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဆေးရုံအတွင်းထဲ ရေဝင်နေပြီး ဧည့်သည်တွေက ခြေကျင်းဝတ်လောက် ရေထဲက ဖြတ်လျှောက် နေရတဲ့ ရုပ်သံကိုလည်း ပြသထားပါတယ်။
ပြည်နယ်အတွင်း ခရိုင်အတော်များများမှာ မိုးဆက်ရွာမယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။