close

စစ်ဘက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရုရှား-မြန်မာ ဆွေးနွေး

စစ်လက်နက်တွေအပါအဝင် စစ်ဘက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ရုရှား- မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ  နေပြည်တော်မှာ နိုဝင်ဘာ  ၁၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်နဲ့ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးပူးတွဲ ကော်မရှင်ဥက္ကဋ္ဌ၊  FSMTC of Russia ရဲ့  ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နဲ့ JSC “Rosoboronexport” ကုမ္ပဏီ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarev တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာ့တပ်မတော်ကို ရုရှားနိုင်ငံမှ လူသားအရင်းအမြစ်ဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ စစ်ဘက်နည်းပညာနဲ့ စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်မယ့် အခြေအနေ၊ နှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကဏ္ဍပေါင်းစုံ တိုးမြှင့်လုပ်ဆောင်နိုင်မယ့်  အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ မြန်မာအကြား စစ်ဘက်ဆိုင်ရာ အပြန်အလှန်ကူးလူးဆက်ဆံမှုတွေ ခပ်စိပ်စိပ် မြင်တွေ့နေရတာဖြစ်ပါတယ်။ 

ရုရှားနိုင်ငံက  ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း  ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေလုပ်ဆောင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုနေတာဖြစ်ပါတယ်။  

 Photo- MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up