close

ဥရောပသို့သဘာဝဓာတ်ငွေ့တင်ပို့မှုဖြတ်တောက်ရေးကိစ္စ ဘီလာရုစ်နှင့်ဆွေးနွေးမှု မရှိဟု ရုရှားပြော

ဘီလာရုစ်ခေါင်းဆောင် အလက်ဇန္ဒြားလူကာရှန်ကိုဟာ ဥရောပကို တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့စီးဆင်းမှုကို ဖြတ်ချပစ်နိုင်ခြေတွေ မြင့်တက်မလာခင် မော်စကိုနဲ့ တိုင်ပင်ဆွေးနွေးထားတာ မရှိကြောင်းနဲ့ ရုရှားဟာ သူ့ရဲ့တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးတဲ့ ယုံကြည်စိတ်ချရတဲ့တင်ပို့သူ နိုင်ငံဖြစ်တယ်လို့ ကရင်မလင်နန်းတော်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ဘီလာရုစ်ကနေတဆင့် သဘာဝဓာတ်ငွေ့နဲ့ကုန်စည်တွေ ဖြတ်သန်းမှုကို ပိတ်ပစ်ခြင်း အပါအဝင် ဘီလာရုစ်-အီးယူနယ်စပ်မှာ ရွှေ့ပြောင်းအခြေချသူတွေ သောင်တင်ပိတ်မိနေမှုအပေါ် ဥရောပသမဂ္ဂ ရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ကို လက်တုံ့ပြန်သွားမယ်လို့ လူကာရှန်ကိုက နိုဝင်ဘာ ၁၁ ရက်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။ 

ရုရှားဟာ ဘီလာရုစ်မှတစ်ဆင့် ဥရောပကို သဘာဝဓာတ်ငွေ့ အဓိကတင်ပို့နေတဲ့နိုင်ငံဖြစ်ပြီး ကရင်မလင်က ထောက်ပံ့ရေးမှာ အနှောင့်အယှက် တစ်စုံတစ်ရာ မတွေ့လိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ 

မော်စကိုဟာ ဥရောပက ဝယ်ယူသူတွေကို ဓာတ်ငွေ့တွေပေးပို့ရာမှာ သူ့ရဲ့စာချုပ်ပါ ဝတ္တရားတွေကို အကုန်ဖြည့်ဆည်း လုပ်ဆောင်ပေးခဲ့တယ်လို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မော်စကိုဟာ ယူကရိန်းကို တိုက်ခိုက်မှာကို အမေရိကန်က စိုးရိမ်နေတယ်လို့ မီဒီယာက အကြံပြုထားတဲ့ အစီရင်ခံစာကို ပတ်စ်ကော့ဗ်က ပယ်ချခဲ့ပြီး ရုရှားက ဘယ်သူ့ကိုမှ ခြိမ်းခြောက်တာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ 

ဝါရှင်တန်ဟာ သူ့ရဲ့ဥရောပသမဂ္ဂ မဟာမိတ်တွေနဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ချေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့တယ်ဆိုတဲ့ အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်ကို ရုရှားက တုံ့ပြန်ခဲ့ပါတယ်။ 

ဘလွန်ဘာဂ်ရဲ့ သတင်းမှာတော့  ရုရှားနိုင်ငံအတွင်းက သံသယဖြစ်ဖွယ် တပ်ဖွဲ့လှုပ်ရှားမှု အလားအလာတွေကို အမေရိကန်အတွက်  စိုးရိမ်စရာ အကြောင်းရင်းတစ်ခုအဖြစ် ကိုးကားဖော်ပြ ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up