ရခိုင်ပြည်နယ် လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရှိဟု ကုလထုတ်ပြန်

ရခိုင်ပြည်နယ်ထဲက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်ဖွယ်အနေအထားရှိနေပြီး ဒေသ ခံလူဦးရေသောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူ သားချင်းစာနာမှုဆိုင်ရာ အကျဉ်းချုပ်သတင်းလွှာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြားက တိုက် ပွဲတွေကြောင့် လူဦးရေ ၇၂,၇၅၀ လောက်ဟာ ယာယီစခန်း ၁၆၈ ခုနဲ့ လက်ခံလူထု အ သိုင်းအဝိုင်းတွေဆီမှာ နေထိုင်ရဆဲဖြစ်သလို ရိုဟင်ဂျာ ၁၄၄,၀၀၀ လောက်ဟာလည်း ၂၀၁၂ ခုနှစ်ကတည်းက ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသမှာ တိုက်ပွဲတွေ ၁ နှစ်ကျော်ကြာ ယာယီရပ်ထားခဲ့ပေမယ့် သိပ်မကြာခင်ကတော့ မောင်တောဒေသမှာ အေအေနဲ့ စစ်ကောင်စီတို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါ တယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့် မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ခေါင်းဆောင်တွေနဲ့ အွန်လိုင်းက နေပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်တပ်တွေ အနေနဲ့ ရခိုင်ပြည်နယ်တွင်း အပစ်အခတ်လုံးဝမလုပ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တာလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေဟာ ယိုယွင်းဆိုးရွားလားပြီး ပဋိပက္ခတိုးလာတာ၊ လုံခြုံမှုမရှိတာ၊ ကိုဗစ်-၁၉ ရောဂါနဲ့ စီးပွားရေးကျဆင်းမှုကြောင့် လူပေါင်း ၃ သန်းကျော် အသက်ကယ်အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲက ပြောထားပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအတော်များများမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် လူ သားချင်းစာနာမှုအခြေအနေတွေဟာ ဆိုးရွားနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း ပြည် နယ်နဲ့ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေက လူဦးရေ ၂၃၄,၆၀၀ ကျော်ဟာ နိုင်ငံတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး တချို့ကတော့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေထဲကို ထွက်ပြေးသွားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် မတိုင်ခင် က ပဋိပက္ခတွေကြောင့် လူဦးရေ ၃၇၀,၀၀၀ လောက်ဟာလည်း ယာယီစခန်းတွေမှာ နေထိုင်ကြရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။