close

အငြင်းပွားနေသည့် လယ်ယာဥပဒေကို အိန္ဒိယအစိုးရက ရုပ်သိမ်းမည်

အိန္ဒိယလယ်သမားတွေဟာ အငြင်းပွားဖွယ် လယ်ယာဥပဒေတွေကို ရုပ်သိမ်းဖို့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၉ ရက်က ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့  လယ်သမားအတော်များများကတော့ ဥပဒေတွေကို တရားဝင် ရုပ်သိမ်းတဲ့အချိန်အထိ ဆန္ဒဆက်ပြသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။ 

မနှစ်က စက်တင်ဘာလမှာ တင်သွင်းခဲ့တဲ့ အဲ့ဒီဥပဒေဟာ စိုက်ပျိုးသူတွေကို အနိမ့်ဆုံး စျေးနှုန်းတရပ် အာမခံပေးထားတဲ့ အစိုးရ-ထိန်းချုပ်-လက်ကားဈေးထက် ကျော်လွန်ပြီး ဝယ်သူတွေ ဆီ ရောင်းချနိုင်ဖို့ လယ်သမားတွေကို ခွင့်ပြုထားတဲ့ကဏ္ဍတွေကို ထိန်းညှိဖို့ရည်ရွယ်ထားတာပါ။

ပြန်လည်ပြင်ဆင်ချက်ကြောင့် သီးနှံတွေအတွက် သူတို့ရမယ့်ဈေးနှုန်းတွေကိုဖြတ်ချခံရမှာ ကြောက်ကြတဲ့ လယ်သမားတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ လုပ်လာတာ တစ်နှစ်ကျော်သွားပါပြီ။ 

အဓိက အမျိုးသားတောင်သူလယ်သမားသမဂ္ဂရဲ့အကြီးအကဲ ရာကက်ရှ် တီကိုက်ထ်က အဲ့ဒီ လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားလိုက်ပြီး အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဖြေရှင်းချက်မပေးခင်မှာ လယ်သမားတွေနဲ့အစိုးရတို့ တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့လည်း ဆိုပါတယ်။ 

အဲ့ဒီဥပဒေသုံးရပ်အပေါ် အစိုးရရဲ့ရုတ်တရက် လိုက်လျောမှုဟာ လာမယ့်နှစ်အစောပိုင်းမှာ အိန္ဒိယ နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ အူတာပရာဒေ့ရှ်ပြည်နယ်နဲ့ ကျေးလက်နေလူဦးရေများတဲ့ တခြားမြောက်ပိုင်းပြည်နယ်နှစ်ခုမှာ ရွေးကောက်ပွဲတွေမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up