close

ပြင်သစ်တွင် သေနတ်ဖြင့်အမဲလိုက်ရာမှ မတော်ဆမှုများလာသဖြင့် ကန့်သတ်ရန် ဆော်ဩ

ပြင်သစ်နိုင်ငံမှာ အမဲလိုက်ရင်း သေနတ်ဆိုင်ရာ မတော်တဆမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့အပြီး အမဲလိုက် အားကစားကို ထိန်းချုပ်ကန့်သတ်ဖို့ ဆော်ဩခဲ့ကြပါတယ်။

အမဲလိုက်တာဟာ ပြင်သစ်ကျေးလက်ဒေသ အများအပြားမှာ လူနေမှုပုံစံ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

အပြေးသမားတွေ၊ တောလမ်း တောင်တက်လမ်း အပျော်လမ်းလျှောက် ထွက်သူတွေ၊ တောင်ပေါ် စက်ဘီးစီးသူတွေကို အမဲလိုက်သူတွေရဲ့ ကျည်ဆန် မတော်တဆ ထိမှန်မယ့် ဘေးကို လျှော့ချဖို့ သီတင်းပတ်ကုန် ရက်တွေမှာ အမဲလိုက်မှု တားမြစ်ပိတ်ပင်ဖို့ လာမယ့်နှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲအတွက် ဂရင်းပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ယန်နစ်ခ် ယက်ဒူက အဆိုပြုခဲ့ပြီးပါပြီ။

အမဲလိုက်တဲ့ အလေ့အထကို ကန့်သတ်ဖို့ ဆော်ဩတဲ့ ပြင်သစ် အထက်လွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ နိုဝင်ဘာ ၃၀ ရက်က တင်ပြခဲ့တဲ့ မေတ္တာရပ်ခံချက်ကို လူအယောက် ၁ သိန်း ၂ သောင်းကျော်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီမေတ္တာရပ်ခံချက်ကို အသက် ၂၅ နှစ်အရွယ် မော်ဂန် ကင်းရဲ့ သူငယ်ချင်းတွေက စီစဉ်ခဲ့ပါတယ်။ ကင်းဟာ သူ့ခြံထဲမှာ ထင်းခုတ်နေတုန်း ဝက်ဝံ အမဲလိုက်သူရဲ့ ကျည်ဆန် ထိမှန် သေဆုံးခဲ့ပါတယ်။

၂၀၂၀ - ၂၀၂၁ အမဲလိုက်ရာသီအတွင်း အမဲလိုက်ရင်း လူ ၇ ဦး သေဆုံးပြီး လူ အယောက် ၈၀ ကျည်ဆန် မတော်တဆ ထိမှန်ထားတယ်လို့ ပြင်သစ် အမျိုးသား ဇီဝမျိုးကွဲ အာဏာပိုင်အဖွဲ့က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up