ဝက်စ်ဟမ်းအသင်းက ချဲလ်ဆီးကို အနိုင်ရ

စနေနေ့ညမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းက ချဲလ်ဆီး အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရလဒ်ဟာ ချဲလ်ဆီးအတွက် တန်ဖိုးကြီးကြီး ပေးလိုက်ရတယ်လို့ ဆိုရမှာပါ။
မနေ့ညကပဲ ကစားခဲ့တဲ့ မန်စီးနဲ့ ဝက်ဖို့ဒ် တို့ပွဲမှာ မန်စီးတီးက ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရပြီး လီဗာပူးက ဝုဗ်အသင်းကို ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့ပါတယ်။
စနေနေ့ည ပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို မန်စီးတီးအသင်းဟာ ပထမဆုံး အကြိမ်အဖြစ် တက်လာပါတယ်။
မန်စီးတီး၊ လီဗာပူးနဲ့၊ ချဲလ်ဆီးအသင်းတို့ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁ မှတ်စီအကွာ ၃၅ မှတ်၊ ၃၄ မှတ်၊ ၃၃ မှတ်နဲ့ နံပါတ်စဉ် ၁၊ ၂၊ ၃ နေရာတွေမှာ အစဉ်လိုက် ရပ်တည်နေပါတယ်။