close

မင်းကင်းမြိုနယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ တွေ့ရှိ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ယာကြီး-ကလေးလမ်း မိုင်တိုင်အမှတ် ၇၅ မိုင်နဲ့ ၇၆ မိုင် ကြားမှာ  ဒီဇင်ဘာ ၁‌၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကြီး ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်တွေက ပြောပါတယ်။

အဲဒီကျေးရွာနားမှာ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီဇင်ဘာ ၉ ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို စစ်ကောင်စီတပ်က မိုင်းတွေ ထောင်ထားခဲ့ နိုင်တယ်လို ယူဆလို့ အဲဒီနေရာကို  ရှင်းလင်းရေးလုပ်ဖို့ သွားတဲ့အခါ ၄၀ မမကျည်နဲ့ တခြား မပစ်ရသေးတဲ့ ကျည်အမျိုးအစား မတူတဲ့ ကျည် ၁၀ မျိုးကျော်လောက်တွေ့ခဲ့ရတယ်”လို့  ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီနေရာကို ဒေသခံတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် လမ်းပိုင်းသွားလာတာကို ယာယီ ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

မင်းကင်းနဲ့ ကနီမြိုနယ်အတွင်း ယာကြီး-ကလေးလမ်းပိုင်း မှာ ဒီဇင်ဘာ  ၉ ရက်၊ ၁၀ရက်၊ ၁၁ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိခဲ့ တယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up