close

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း မီးတောင်ပေါင်း ၇၀ ပေါက်ကွဲမှုဖြစ်ခဲ့

၂၀၂၁ ခုနစ်ဟာ ကမ္ဘာတဝန်းလုံးမှာ  မီးတောင်ပေါက်ကွဲမှုတွေ၊ မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေအပါအဝင်  သဘာဝကပ်ဘေးတွေ အများကြီးကြုံရတဲ့နှစ် တနှစ်ဖြစ်ပါတယ်။

စပိန်နဲ့ ပါကစ္စတန်တို့မှာ မိုးများပြီး ရေကြီးမှုတွေ ဖြစ်ခဲ့သလို ထိုင်းမှာ မုန်တိုင်းဝင်ခဲ့ပြီး နီပေါမှာ မြေပြိုမှု ဖြစ်ခဲ့တယ်။

အမေရိကမှာ ဟာရီကိန်းမုန်တိုင်းနဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးမှု အိုးအိမ်ပျက်စီးမှုတွေ ကြုံကြရတယ်။

အီတလီ၊ စပိန်၊  ဂွာတီမာလာ၊ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတွေမှာ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

မီးတောင်စောင့်ကြည့်လေ့လာတဲ့ Smithsonian Institution က ဖော်ပြတဲ့  အချက်အလက် တွေအရ ၂၀၂၁ ခုနှစ်အတွင်း မီးတောင်ပေါင်း ၇၀ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး၊ ၂၂ ခုက မီးတောင်သစ်တွေပါ။

အဓိက မီးတောင်ကြီးလေးခုဖြစ်တဲ့ အီတလီက မောင့်အစ်တ်နာ (Mt. Etna)၊ ဂွါတီမာလာက မောင့် ပါကယာ (Mt. Pacaya)၊ စပိန်က လာပါလ်မာ (La Palma) ၊ အင်ဒိုနီးရှားက မောင့်ဆမဲရိုး (Mt. Semeru)  တို့ ပေါက်ကွဲမှုတွေကို ဒရုန်းတွေ ကင်မရာတွေနဲ့ သတင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

အဲဒီမှတ်တမ်းတွေထဲမှာ မီးခိုးလုံးတွေ ဖုံးလွှမ်းမှု၊ ပြာတွေလွင့်မှု၊ ကျေးရွာတွေပြောင်းရွှေ့ရမှု၊ အသက်ဆုံးရှုံးမှုတွေ ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up