close

ကင်မရွန်းနိုင်ငံမြောက်ပိုင်းတွင် ပဋိပက္ခကြောင့် လူ ၁ သိန်းခန့် အိုးအိမ်စွန့်ခွာ

ကင်မရွန်းနိုင်ငံ  မြောက်ဘက်စွန်းမှာ မွေးမြူရေးသမားတွေ၊ ငါးဖမ်းသမားတွေနဲ့ လယ်သမားတွေ ကြား ရန်လိုတိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း  လူ ၁ သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ပါတယ်။ 

ကုလသမဂ္ဂအေဂျင်စီတခုဖြစ်တဲ့ (UNHCR) ရဲ့ ပြောဆိုချက်အရ လူ ၈၅၀၀၀ ကျော် အိမ်နီးချင်း ချဒ်နိုင်ငံထဲ ထွက်ပြေးခဲ့ပြီး ကင်မရွန်းနိုင်ငံအတွင်းမှာ လူ ၁၅၀၀၀ နီးပါး ရွှေ့ပြောင်းပြီး နေစရာ ရှာဖွေနေပါတယ်။

UNHCR ပြောခွင့်ရပုဂ္ဂိုလ် မက်သရူး ဆော့လ်မက်ရှ်က “တိုက်ခိုက်မှုတွေမှာ လူ ၄၄ ယောက် သေဆုံးပြီး၊ ၁၁၁ ယောက် ဒဏ်ရာရတယ်။ ချဒ်နိုင်ငံထဲ ဝင်ရောက်မှု တိုးလာနေတယ်။ ချဒ်မှာ ဒုက္ခသည် တစ်သန်းနီးပါး ရှိနေပြီး၊  ပြည်တွင်း ရွှေ့ပြောင်းအခြေချသူတွေလည်း ရှိပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ချဒ်နိုင်ငံကို အသစ်ရောက်ရှိလာသူ အများစုက ကလေးတွေဖြစ်ပြီး အရွယ်ရောက်ပြီး ၉၅ ရာခိုင်နှုန်းကလည်း အမျိုးသမီးတွေပါ။ 

ဒုက္ခသည်တွေအတွက် စားစရာ၊ နေစရာ၊ ခြုံစရာဆောင်၊  ဖျာနဲ့ ကျန်းမာရေးပစ္စည်းတွေ လိုနေတယ်လို့ ဆော့လ်မက်ရှ်က ပြောပါတယ်။

ဒီဇင်ဘာလဆန်းက မွေးမြူရေးသမားတွေ၊ ငါးဖမ်းသမားတွေနဲ့ လယ်သမားတွေကြာား ရန်လို သတ်ဖြတ်ကြတဲ့ အဓိကအကြောင်းက ရေအရင်းမြစ်ရှားပါးလာမှုကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းမြစ်လုယက်မှုတွေ ဖြစ်နေပါတယ်။ 

ချဒ်ရေကန်ကြီး (Lake Chad)  ရဲ့ မျက်နှာပြင်ဟာ ပြီးခဲ့တဲ့ နှစ် ၆၀ အတွင်း ၉၅ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။

အဲဒီရွှေ့ပြောင်းအခြေချသူတွေကို ကူညီထောက်ပံ့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို UNHCR က တောင်းခံနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up