close

ဆားဘီယားသမ္မတ လာမည့်အပေါ် အယ်လ်ဘေးနီးယားဝန်ကြီးချုပ်ဟောင်း ဦးဆောင်ဆန္ဒပြ

အယ်လ်ဘေးနီးယားနိုင်ငံကို လာရောက်မယ့် ဆားဘီယားသမ္မတ အလက်ဇန်းဒါး ဗူးချိ (Alexander Vucic) ကို ဆန့်ကျင်တဲ့အနေနဲ့ အလ်ဘေးနီးယား ဝန်ကြီးချုပ်ဟောင်း ဆယ်လီ ဘာရီရှာ (Sali Berisha) က ဦးဆောင်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က မြို့တော် တီရန်နာမှာ ဆန္ဒပြခဲ့ပါတယ်။ 

တီရန်နာမြို့မှာကျင်းပမယ့် အယ်လ်ဘေးနီးယား၊ ဆားဘီးယား၊ မြောက်မက်ဆီဒိုနီးယား ဘောလ်ကန်ဒေသသုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကို ဆားဘီးယားသမ္မတက တက်ရောက်လာတာပါ။

လူမျိုးစွဲပြင်းထန်တဲ့ အလ်ဘေးနီးယား ဝန်ကြီးချုပ်ဟောင်း ဘာရီရှာ နဲ့ သူ့ကို ထောက်ခံသူတွေက ဆာဘီးယားအလံတွေကို မီးရှို့၊ ဆာဘီးယား ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တိုင်ပြီး၊ ဆာဘီးယားရှိ အယ်လ်ဘေးနီးယား စစ်သွေးကြွတွေရဲ့ အလံကို ဝှေ့ယမ်းခဲ့ပါတယ်။

အယ်လ်ဘေးနီးယားဟာ ၂၀၁၄ မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပေမဲ့ ပြုပြင်ပြောင်းလဲမှု နှေးကွေးတာကြောင့် တိုးတက်မှု များများစားစား မရှိပါဘူး။ 

အခု ဦးဆောင်ဆန္ဒပြနေသူ ဝန်ကြီးချုပ်ဟောင်း ဘာရီရှာဟာ ၂၀၁၃ မှာ ရာထူးကဖယ်ရှားခံရပြီး အဂတိလိုက်စားမှုတွေကြောင့် အမေရိကန်က blacklist သွင်းခံထားရသူပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up