အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မြန်မာနိုင်ငံကို လာရောက်မည်

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာဟာ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ အလုပ်သဘောခရီးစဉ် လာရောက်လည်ပတ်ဖို့ ရှိတယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ခရီးစဉ်အတွင်းမှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ စစ်ကောင်စီတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်တွေ၊ လုံခြုံရေးနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာ ကိစ္စရပ်တွေနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။