close

မန်ယူတိုက်စစ်မှူး မာစီယယ်ကို ဆီဗီလာခေါ်ယူနိုင်ရန် နီးစပ်

မန်ယူအသင်းကနေ ထွက်ခွာဖို့အတွက် နည်းပြရက်ဖ်ရင်းနစ်ခ်နဲ့ ဆွေးနွေးခဲ့တဲ့ တိုက်စစ်မှူး မာစီယယ်ကို ဆီဗီလာအသင်းကခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူး မာစီယယ်ဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်မရဖြစ်နေတာကြောင့် လာမယ့် ကာတာကမ္ဘာ့ဖလားမှာပါဝင်နိုင်ဖို့ဆိုရင် ပွဲကစားခွင့်လို အပ်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်နည်းပြ ရင်းနစ်ခ်နဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ ဇန်နဝါရီမှာ ထွက်ခွါဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

လာလီဂါအဆင့် ၂ မှာရပ်တည်နေတဲ့ ဆီဗီလာအသင်းဟာ ၇၆နှစ်အတွင်း ချန်ပီယံဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး မာစီယယ်ကို အငှားစာချုပ်နဲ့ခေါ်ယူအား ဖြည့်လိုနေတာပါ။

နည်းပြလိုပက်တီဂူကလည်း မာစီယယ်ရဲ့ ခြေစွမ်းအပေါ် ယုံကြည်မှုရှိပြီး ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်မယ့်လမ်းကြောင်းမှာ အရေးပါမယ့်ကစားသမားလို့ သတ်မှတ်ထားကြောင်း စကိုင်းစပေါ့သတင်းမှာဖော်ပြသွားပါတယ်။

မာစီယယ်ဟာ ဆီဗီလာကို မပြောင်းဖြစ်ခဲ့ရင်လည်း ဘာစီလို၊ ဂျူဗင်တပ်အသင်းတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up