ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဂျပန်အစိုးရ ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်

တရုတ်နိုင်ငံ ပေကျင်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဂျပန်နိုင်ငံကလည်း အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ဒါဟာ အမေရိကန်က ဦးဆောင်နေတဲ့ တရုတ်နိုင်ငံကို သံခင်းတမန်ခင်းနည်းနဲ့ သပိတ်မှောက်မှုထဲမှာ ဂျပန်နိုင်ငံကလည်း ပါဝင်လာတာာ ဖြစ်ပါတယ်။
ဂျပန်ဟာ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်သလို၊ တရုတ်နဲ့လည်း စီးပွားရေးအရ အဆက်အသွယ် ဖြတ်ဖို့ မဖြစ်တဲ့အခြေအနေမှာ အခုလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။
ဂျပန်နိုင်ငံအနေနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ့်အစား အားကစားပွဲနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အရာရှိတွေပဲ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အခုလို သံခင်းတမန်ခင်းနည်းနဲ့ သပိတ်မှောက်တယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ပြောပေမဲ့ ဂျပန်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လာရင် ပျော့ပျော့ပျောင်းပျောင်း ရပ်တည်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။