ထိုင်းဘက် တရားမဝင် ဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ အဖမ်းခံရ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအယောက် ၅၀ ကို ဒီဇင်ဘာ ၃၀ ရက်နေ့ညမှာ ထိုင်းစစ်တပ် နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ ထိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မြောက်ဘက် ၁၀ မိုင်လောက်အကွာ ရွှေကုက္ကိုလ်မြိုင်ဘက်ကနေ ထိုင်းနိုင်ငံ တာဆောင်ရမ်းမြို့ကို နယ်စပ် တောတွင်းလမ်းကနေ ပစ်ကပ်ကားနဲ့ ဝင်ရောက်ရာကနေ ထိုင်းစစ်တပ်နဲ့တွေ့ပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကတော့ ကျား ၂၅ ဦး၊ မ ၂၅ ဦးနဲ့ ထိုင်းနိုင်ငံတား ၂ ဦးတို့ဖြစ်ပြီး ထိုင်းယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းဆီးမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၀ ကို တာဆောင်ရမ်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကြောင့် နယ်စပ်ကနေ ဥပဒေမဲ့ ဝင်လာသူတွေကို ဖမ်းဆီးနိုင်ရေ ထိုင်းနိုင်ငံတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေ့စဉ်ဆိုသလို ဖမ်းဆီးမိနေတာလည်း ဖြစ်ပါတယ်။