ဧရာ၀တီတိုင်း တော်လှန်ရေးအဖွဲ့များက ၄ လအတွင်း စစ်ကောင်စီပစ်မှတ် ၁၀၀ ကျော်အား တိုက်ခိုက်ခဲ့

ဧရာ၀တီတိုင်းအတွင်း NUG က နိုင်ငံတော်အရေးပေါ်အခြေအနေထုတ်ပြန်တဲ့ စက်တင်လာ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ စစ်ရေး၊ စီးပွားရေး နဲ့ အုပ်ချုပ်ရေးပစ်မှတ် ၁၀၃ ခုအား ဧရာဝတီတိုင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အရေးပေါ်အခြေအနေကြေညာ စစ်ရေးပစ်မှတ် ၁၅ ခု၊ စီးပွားရေးပစ်မှတ် ၂၇ ခု၊ အုပ်ချုပ်ရေးပစ်မှတ် ၆၁ ခု တို့အား ဧရာ၀တီတိုင်း တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်၊ စစ်တပ်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးဒေါက်တိုင်တွေ တော်လှန်တိုက်ခိုက်သွားမယ်လို့ ဧရာဝတီတိုင်းတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ဧရာ၀တီတိုင်းအတွင်း ပုသိမ်ခရိုင်မှာ ပစ်မှတ် ၃၇ ခု၊ မအူပင်ခရိုင်မှာ ပစ်မှတ် ၂၂ ခု၊ ဖျာပုံခရိုင်မှာ ၁၅ ခု၊ လပွတ္တာမှာ ၁၃ ခု၊ ဟင်္သာတခရိုင်မှာ ၁၁ ခုနဲ့ မြောင်းမြခရိုင်မှာ ပစ်မှတ် ၅ ခုကို တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။