close

လွတ်မြောက်နယ်မြေအတွင်း ပြည်သူ့ကျန်းမာရေးအတွက် “နွေဦးကျန်းမာ”ဆေးရုံဖွင့်လှစ်

လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ” အမည်နဲ့ အထွေထွေရောဂါကုနှင့် သင် ကြားရေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ခုလိုဖွင့်လှစ်မှုကိုတော့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီက ဦးစီးကာ စေ တနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဖွင့်လှစ်လိုက်တာဖြစ်ပြီး အတွင်းလူနာဌာန၊ ကလေးကု သဆောင်၊ ခွဲစိတ်ခန်းနဲ့ လူနာသယ်ယူပို့ဆောင်ရေးစနစ်တွေကို ပြင်ဆင်နေကာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆေးရုံကို အဆင့်မြှင့်တင်ပြီးပါက ကျေးရွာပေါင်း ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်မှာဖြစ်ပြီး ဆေးရုံရဲ့ အထွေထွေ လိုအပ်ချက်တွေအတွက် လှူဒါန်းလိုပါက ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီဖေ့စ်ဘွတ်ခ် စာ မျက်မှာကတဆင့်၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ[email protected] တွေဆီ ဆက်သွယ်လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁၁ လကျော် ကြာမြင့် ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့ အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက်အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo - ဆေးတက္ကသိုလ် ၂၊ရန်ကုန် ကျောင်းသားကော်မတီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up