close

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်-မုံရွာလမ်းပေါ်မှာ  ဇန်နဝါရီ ၇ ရက် မနေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီရဲ့ ခြေလျင်တပ်ကို မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံးခဲ့တယ်လို့ Ayadaw Falcon Force က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၆ ရက် ညပိုင်းက ကျွန်းဖိုပင်ရွာနဲ့ ဝါတန်းရွာကို အရပ်ဝတ်နဲ့ ဝင်ရောက်လာခဲ့ပြီး မနေ့က မနက် ၆နာရီခွဲလောက်မှာ မိုင်းရှင်းဖို့ ဝါတန်းရွာ အနောက်ဘက်ကို ထွက်လာတုန်းမှာ ပဒေသာမိုင်း ၄ လုံး၊ တူမီးရှေ့ထွက်လက်နက်ကြီးနဲ့ တကြိမ် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ပြီးတော့ မနက် ၉ နာရီလောက်မှာ မန်ကျည်းသုံးပင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒီ တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံး၊ ၈ ယောက် ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြန်ပစ်ခတ်ပေမဲ့ ပြောက်ကျားတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ဝါတန်းရွာ အနောက်ဘက် မာလကာခြံမှာ အလုပ်လုပ်နေတဲ့ ပြည်သူ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို   Ayadaw Falcon Force(AF2)၊ သ​​ပြေညိုပြောက်ကျားတပ်ဖွဲ့၊  AyadawBoneNaing (A.B.N.PDF၊ Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့နဲ့ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့တို့က ဦးဆောင်ပြီး M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up