ဥရောပပါလီမန်ဥက္ကဋ္ဌ နာရေး နိုင်ငံတော်အခမ်းအနားဖြင့် ကျင်းပ

ဇန်နဝါရီ ၁၁ ရက်က ကွယ်လွန်သွားတဲ့ အသက် ၆၅ နှစ်ရှိ ဥရောပပါလီမန်ဥက္ကဋ္ဌ ဒေးဗစ် ဆာဆောလီရဲ့ ဈာပနကို အီတလီမှာ သောကြာနေ့က နိုင်ငံတော်အခမ်းအနားနဲ့ ကျင်းပပြီး အီတလီ နိုင်ငံရေးသမားတွေနဲ့ ဥရောပနိုင်ငံတွေက ဝန်ကြီးတွေ လာရောက်ဂါရဝပြုခဲ့ပါတယ်။
မစ္စတာဆာဆောလီဟာ အီတလီဂျာနယ်လစ်တဦးအနေနဲ့လည်း ကျော်ကြားခဲ့ပြီး ၂၀၀၉ ခုနှစ်ကနေ ကွယ်လွန်ချိန်ထိ ဥရောပပါလီမန်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူပါ။
သူ့ဈာပနကို အီတလီသမ္မတနဲ့ ဝန်ကြီးချုပ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ၊ ဥရောပကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေ အတော်များများ လာရောက်ခဲ့ပါတယ်။
ရောမမြို့ Santa Maria degli Angeli ခရစ်ယာန်ကျောင်း အခမ်းအနားမှာ ဆာဆောလီရဲ့ သမီးဖြစ်သူ လီဗီယားက သူမဖခင်ဖြစ်သူဟာ ပိုမိုတရားမျှတတဲ့ ဥရောပကို မြင်တွေ့လိုတဲ့ အကြောင်း အောက်မေ့စကား ပြောခဲ့ပါတယ်။