close

အဲဗာတန်နှင့် သတင်းထွက်နေသည့်အပေါ် ဝမ်းမြောက်မိကြောင်း ဝိန်းရွန်နီ ပြော

အဲဗာတန်နည်းပြဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ ဝမ်းမြောက်မိတယ်လို့ ဒါဘီ နည်းပြ ဝိန်းရွန်နီက ပြောပါတယ်။ 

အဲဗာတန်အသင်းဟာ နည်းပြဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ပြီးနောက်မှာ အသင်းကစားသမား ဟောင်းဝိန်းရွန်နီကို ခေါ်ယူခန့်အပ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ 

ရွန်နီကတော့ အဲဗာတန်နဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ဝမ်းသာမိပြီး အဲဗာတန်အသင်းက သူကြီးပြင်းလာခဲ့ရာအသင်းဖြစ်သလို အားပေးတဲ့အသင်းဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။ 

ဒါပေမဲ့လည်း အဲဗာတန်အသင်းဘက်က အမှန်တကယ် ခန့်အပ်ချင်တယ်ဆိုရင်တော့ ဒါဘီအသင်း နဲ့ ဆက်သွယ်သွားရမယ်ဆိုတာကို သိထားပြီးသားဖြစ်တယ်လို့ ရွန်နီက ပြောပါတယ်။ 

“ဆိုရှယ်မီဒီယာတွေနဲ့ သတင်းစာတွေပေါ်မှာ သတင်းတွေဖတ်ရပါတယ်။ ဒီသတင်းတွေအပေါ် ဝမ်း သာပါတယ်။ ဒါပေမဲ့ အဲဗာတန်အနေနဲ့ တကယ်ဆွေးနွေးချင်တယ်ဆိုရင် ကျနော်နဲ့ရော အသင်းနဲ့ပါ ပြောဆိုရမယ်ဆိုတာ သူတို့သိပါတယ်။ လောလောဆယ်တော့ ဒါဘီအသင်းအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။” 

ရွန်နီဟာ လူငယ်ကစားသမားဘဝကို အဲဗာတန်နဲ့စတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက တစ်ကျော့ပြန် ကစားခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up