close

ဥရောပသမဂ္ဂ ပြည်ထဲရေးဝန်ကြီးများ ရွှေ့ပြောင်းဒုက္ခသည်အရေး ဆွေးနွေး

ဇန်နဝါရီ ၂၀ ရက်က လစ်သူယေးနီးယားနိုင်ငံ ဗီးလ်နပ်စ်မြို့မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်ထဲရေးဝန်ကြီးတွေ တွေ့ဆုံပြီး ဥရောပနိုင်ငံတွေထဲကို ဝင်ရောက်အခြေချလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ နယ်စပ်တွေကို ထိထိရောက်ရောက် ကာကွယ်တားဆီးဖို့ စည်းဝေးခဲ့ကြပါတယ်။

ဂရိနိုင်ငံဝန်ကြီးက “ဥရောပရဲ့ နိုင်ငံရေးခိုလှုံခွင့်စနစ်တွေကို ပိုမိုကောင်းမွန်စေဖို့ဆိုရင် နယ်စပ်တားဆီးမှုက အရေးကြီးပါတယ်။ ဥရောပနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်၊ ကျနော်တို့ဟာ ဒုက္ခသည်တွေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး၊ လူကုန်ကူးသူတွေကို အသေချာ ဖမ်းဆီးအရေးယူဖို့ပါ”  လို့ ပြောပါတယ်။

ပိုလန်ပြည်ထဲရေးဝန်ကြီးက “ဥရောပသမဂ္ဂရဲ့ နယ်စပ်တားဆီးရေး  ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းတွေက ပိုလန်နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ လိုပါတယ်။ လက်ရှိ နယ်စပ်ဆိုင်ရာ စည်းကမ်းဥပဒေတွေက အဲဒီတိုက်ခိုက်မှုတွေကို မကာကွယ်နိုင်သေးပါဘူး။ အဲဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်သူ မည်သူ့ကို မဆို နိုင်ငံရေးဒုက္ခသည်အဖြစ် မစဉ်းစားနိုင်ပါဘူး” လို့ ပြောပါတယ်။

လစ်သူယေးနီးယား ပြည်ထဲရေးဝန်ကြီးက “ကျနော်တို့ ဆွေးနွေးနေကြတာ ကျနော်တို့နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးပါ။ လစ်သူယေးနီးယားကိုဖြစ်ဖြစ်၊ ဥရောပမြေပေါ်ဖြစ်ဖြစ် တရားမဝင် ရောက်လာသူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အဲလိုအရေးမယူနိုင်ရင် ဥရောပ နယ်စပ်ကာကွယ်ရေးအကြောင်း မပြောတာကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up