close

လစာတိုးမြှင့်ရေး ပြင်သစ်နိုင်ငံတွင် ဝန်ထမ်းသောင်းချီ ဆန္ဒပြ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်း၊ အရပ်ဘက်ဝန်ထမ်း၊ အနုပညာရှင်တွေ ပါဝင်တဲ့ အလုပ်သမားသမဂ္ဂတွေ ထောင်သောင်းချီပြီး လုပ်ခလစာ တိုးမြင့်ရေးအတွက် ဇန်နဝါရီ ၂၈ ရက်က  ချီတက် ဆန္ဒပြခဲ့ပါတယ်။ 

ပြင်သစ်အလုပ်သမားသမဂ္ဂ ခေါင်းဆောင် Benoit Teste က “ပြည်သူ့ဝန်ထမ်းအလုပ်တွေမှာ လူငယ်တွေကို စုဆောင်းခေါ်ယူလို့မရဘူး  ဖြစ်နေတယ်။ အဓိကက လစာပြဿနာပါ၊ လစာ အရမ်းနည်းတော့ ကျောင်းဆရာတွေ၊ ကျန်းမာရေးလုပ်သားတွေ မဖြစ်ချင်ကြတော့ဘူး” လို့ ပြောပါတယ်။   

ပြင်သစ်မှာ အစားအသောက်နဲ့ လောင်စာဆီ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး၊ အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်မှုတွေကိုလည်း မကျေမနပ် ဖြစ်နေကြတာပါ။ တခြားမြို့ကြီး ၁၆၉ မြို့မှာလည်း အလားတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up