ဟူသီသူပုန်များ၏ ဒုံးကျည်ရန်ရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆက်ကျင်းပမည်

ယီမင်နိုင်ငံက ဟူသီသူပုန်တွေရဲ့ ဒုံးကျည်ရန်ရှိပေမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယူအေအီး နိုင်ငံမှာ ဆက်ပြီးကျင်းပဖို့ ဖီဖာက ဆုံးဖြတ်ခဲ့ပါတယ်။
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီးတွေအလိုက် ကလပ်ချန်ပီယံ ၇ သင်းက လာမယ့်ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကြရမှာပါ။
လက်ခံကျင်းပမယ့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့အနီးမှာ ပြီးခဲ့တဲ့တစ်ပတ်က ဒုံးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲကို ရွှေ့ဆိုင်းတာပဲဖြစ်ဖြစ်၊ အိမ်ရှင်နိုင်ငံ ကျင်းပတာပဲဖြစ်ဖြစ် လုပ်ဆောင်ဖို့ ကနဦးစဉ်းစားထားခဲ့တာပါ။
လက်ရှိအချိန်မှာတော့ စီစဉ်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၃ ရက်ကနေ ၁၂ ရက်အထိ ဆက်လက်ကျင်းပမှာဖြစ်ပြီး ယူအေအီးနိုင်ငံက လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဖီဖာက ထုတ်ပြန်ပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းလည်း လာရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ယီမင်က ဟူသီသူပုန်တွေဟာ ယူအေအီးကို တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးထားပြီး ဒူဘိုင်းမှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။