close

ဘရာဇီးတွင် ရေကြီးမြေပြိုမှုကြောင့် ၁၈ ဦးထက်မနည်းသေဆုံး၊ ၅ ဦး ပျောက်ဆုံးနေ

ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့မှာ မိုးများပြီး ရေကြီး မြေပြိုခဲ့တဲ့အတွက် ဇန်နဝါရီ ၂၈ ရက်ကတည်းက ခုထိ ကလေး ၇ ယောက်အပါအဝင် လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ဘေးကင်းရေးအရာရှိတွေက ဇန်နဝါရီ ၃၀ရက်မှာ ပြောပါတယ်။

လူ ၉ ယောက်လည်း ဒဏ်ရာရခဲ့ပြီး ငါးယောက် ပျောက်ဆုံးကာ ပြည်နယ်တလွှား မိသားစု ငါးရာလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆောင်ပါလိုပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက ရေလွှမ်းတဲ့နေရာတွေဆီကို ဇန်နဝါရီ ၃၀ ရက်က လေယာဉ်နဲ့ သွားခဲ့ပြီး ရေဘေးသင့်မြို့တွေအတွက် အရေးပေါ် အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉ သန်း သုံးဖို့ ခွင့်ပြုပြီးပြီလို့ ပြောပါတယ်။

ပြည်နယ်အတွင်း ရေဘေးအဆိုးဆုံးခံရတဲ့ ဒေသတွေက အာရူဂျာ၊ ဖရန်စစ်စကို မိုရာတို၊ အမ်ဘူ ဒတ်စ် အာတက်စ်နဲ့ ဖရန်ကို ဒါ ရိုချာ ဒေသတွေ လို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ဒီဇင်ဘာလကတည်းက ဘရာဇီးအရှေ့မြောက်ပိုင်းမှာ လူသေတဲ့အထိ ရေကြီးနေလို့ နိုင်ငံ အနောက် အလယ်ပိုင်းတလွှား စိုက်ပျိုးရေး ရာသီတွေ နောက်ကျမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။ မီနတ်စ် ဂျေရီယပ်စ် ပြည်နယ်ထဲက သတ္ထုတွင်း လုပ်ငန်းတွေလည်း ဆိုင်းငံ့ ထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up