close

စစ်သင်တန်းတက်ရန်သွားရောက်စဉ် အဖမ်းခံရသည့် ရခိုင်လူငယ် ၃၀ ကျော် ပြန်လွတ်

ရက္ခိုင့်တပ်တော် (AA) နယ်မြေထဲမှာ စစ်သင်တန်းတက်ဖို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၃၁ ဦးနဲ့ ကားသမား ၅ ဦးကို ဇန်နဝါရီ ၃၁ ရက်နေ့က ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရက္ခိုင့်တပ်တော (AA) ပိုင်နက်နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ဖို့ ကားနှစ်စီးနဲ့သွားတဲ့ လူငယ် ၃၁ ဦးဟာ ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၂၄ စစ်ဆေးရေးစခန်းဂိတ်မှာ ဇန်နဝါရီ ၂၇ ရက်နေ့ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတဦးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက "ဟုတ်ပါတယ်။ မောင်တောမှာ ချန်ထားခဲ့တဲ့ ကားဒရိုင်ဘာ ၂ ဦးအပါအဝင် ကားစပီယာ ၃ ဦးကို ဒီနေ့ မိသားစုဝင်တွေကိုခေါ်ပြီးတွေခွင့်ပေးပြီး ညနေပိုင်းမှာ လွှတ်ပေးတယ် သိရတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ် ၃၁ အား ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက မောင်တောမြို့နယ် အင်းဒင် နခခ (၄) မှာထားရှိပြီးနောက် အငူမော်နဲ့  စစ်တွေမြို့နယ်ကနေ အမ်းမြို့ကို ခေါ်ဆောင်လာပြီး ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲအတွင်းရှိ မိသားစုဆီကို အပ်နှံခဲ့တာလို့ လွတ်မြောက်လာသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ရမ်းဗြဲဒေသခံတစ်ဦးက "ကျောက်ဖြူက တစ်ယောက်မှမပါပါဘူး။ မန်အောင်က ၃ ဦး၊ တောင်ကုတ်က ၂ ဦး၊ စစ်တွေက ၁ ဦး၊ ကျန်တဲ့ ၂၅ ယောက်လုံးက ရမ်းဗြဲကပါ။ အခုအားလုံးလွတ်လာကြပါပြီ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up