close

ဘိုကလေးမြို့မရဲစခန်းတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မရဲစခန်းမှာ ဇန်နဝါရီ ၃၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

မနေ့ ည ၁၂ နာရီလောက်မှာ ဘိုကလေးမြို့မရဲစခန်းထဲ ဗုံးပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီး ရဲစခန်းက သေနတ်နဲ့ လိုက်ပစ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ အရင်ဆုံး အုန်းဆိုတဲ့ အသံကြားရတာ ဗုံးပေါက်တာလား လက်ပစ်ဗုံးနဲ့ထုတာလည်းတော့မသိဘူး ပြီးမှ သေနတ်နဲ့လိုက်ပစ်သံတွေကြားရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း သေနတ်နဲ့ ရဲစခန်းထဲက လိုက်လံပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်သူနဲ့ ဖမ်းဆီးခံရသူ မရှိဘူးလို့ ဆိုပါတယ်။ 

ဘိုကလေးမြို့မရဲစခန်းထဲ ဗုံးပေါက်ကွဲမှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဒုရဲအုပ်တယောက် ထိခိုက်ဒဏ်ရာရသွာားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဗုံးပေါ်ကွဲပြီး မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးတာတွေကို အရင်ကထက် ပိုမိုတင်းကျပ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up