close

မန္တလေးတွင် ဈေးဆိုင်များ ဖိအားပေးဖွင့်ခိုင်းသော်လည်း လူမစည်၊ အသံတိတ်သပိတ်တွင် ပြည်သူအများပါဝင်

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက ဈေးဆိုင်တွေကို ခြိမ်းခြောက် ဖိအားပေးဖွင့်ခိုင်းပေမယ့် လမ်းတွေမှာ လူမစည်ပဲဖြစ်နေပြီး အသံတိတ်သပိတ်မှာ ပြည်သူအများ ပူးပေါင်းပါဝင်ကြတာကို တွေ့ရပါတယ်။

မန္တလေးမြို့ရဲ့ အထင်ကရဈေးဖြစ်တဲ့ စျေးချို၊ မန်းမြန်မာပလာဇာတို့က စျေးဆိုင်တွေကို မဖွင့်ရင် အရေးယူမယ်ဆိုတာကြောင့် ဖွင့်ထားပေမယ့် အရောင်းအဝယ်မရှိ၊ အသွားအလာမရှိ ဖြစ်ပါတယ်။

ဒါ့အပြင် အမရပူရမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်တို့မှာလည်း ဈေးဆိုင်ဖွင့်ရမယ်ဆိုပြီး လက်မှတ်ထိုးရတာကြောင့် ဖွင့်ထားရတာရှိနေပါတယ်။

စစ်ကောင်စီတပ်သားတွေကလည်း မန္တလေးမြို့မှာ လှည့်လည်နေကြတဲ့အပြင် လမ်းဆုံ လမ်းခွတချို့မှာလည်း အရပ်ဝတ် နဲ့ ယူနီဖောင်းဝတ်တွေကို ကင်းပုန်းချထားကြပါတယ်။

ပြည်တော်ဝင်ဖို့ ရုန်းကြစို့ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုနေ့မှာပဲ ပြည်အများ ပုံမှန်အတိုင်းသွားလာဖို့ စစ်ကောင်စီက ပုံစံမျိုးစုံဖိအားပေး လုပ်ဆောင်ပေမယ့် ပြည်သူအများ အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံသိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြပါတယ်။

ဒီလို အသံတိတ်လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာရေးတင်တဲ့ ဆိုင်တချို့ကို စစ်ကောင်စီတပ်တွေက မတရား ဝင်ရောက်ဖမ်းဆီးတာ နဲ့ ဆိုင်တွေကို ချိတ်ပိတ်တာတွေ ကြုံခဲ့ရကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up