ဟန်ဂေရီကို နှစ်စဉ် သဘာဝဓာတ်ငွေ့ ထပ်ပံ့ပိုးရန် အဆင်သင့်ရှိဟု ရုရှားသမ္မတ ပူတင်ပြော

ရုရှားဟာ ဟန်ဂေရီကို နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁ ဘီလီယံ ထပ်ပြီးပံ့ပိုးဖို့ အဆင်သင့်ပဲလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
“ဥရောပက မြေအောက်သိုလှောင်ရာ နေရာထဲမှာ ဓာတ်ငွေ့ပမာဏက ထုထည်ရဲ့ ၄၀ ရာခိုင်နှုန်း လောက်ထိ လျော့ကျနေပြီ။ နောက်နှစ်မှာ ကျနော်တို့ရဲ့ ဥရောပမိတ်ဖက်တွေဟာ တချို့ ပြဿနာတွေကို ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်တယ်။ ဟန်ဂေရီကတော့ နောက်ထပ် ပမာဏတွေအတွက် သဘောတူမှာဖြစ်လို့ ပြဿနာဖြစ်မှာ မဟုတ်ဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဧပြီလ အစပိုင်းမှာ စီးပွားရေး လုပ်ငန်းကြီးတွေက ချမှတ်လိမ့်မယ်။”
ဒါဟာ ရုရှားနဲ့ ရေရှည် သဘောတူညီချက်ကြောင့်လို့လည်း ပူတင်က ပြောပါတယ်။