close

NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ ကိုရီးယားပညာဝန်အုပ်တို့ပါဝင်သည့် စစ်အာဏာသိမ်း ၁ နှစ် ပြည့် ဆွေးနွေးပွဲကျင်းပမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ် ဒေါ်အိသဉ္ဇာမောင်နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် ပညာဝန်အုပ် ဂျိုဟီးရွန် တို့ပါဝင်ကြမယ့် စစ်အာဏာသိမ်း ၁ နှစ်ပြည့် အွန်လိုင်းဆွေးနွေးပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်ညနေ ၅ နာရီမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲကိုတော့ အမျိုး သားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက စီစဉ်ပြီး ကိုရီးယား-မြန်မာနှစ်ဘာသာနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က ကျဆင်းနေပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

အာဏာသိမ်းကာလ ၁ နှစ်ပြည့်မြောက်ချိန်မှာ  အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကိစ္စတွေမှာ ဘာတွေ ပြောင်းလဲသွားခဲ့သလဲ၊ ဘာတွေလုပ်ဆောင်ဖို့ လိုအပ် နေသလဲဆိုတာတွေကိုတော့ အခုညနေကျင်းပမယ့် စကားဝိုင်းမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up