close

အင်းလေးရောက် ကရင်နီစစ်ရှောင် ၅၀၀ ကျော် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်​ရွှေမြို့နယ် အင်းလေး​ဒေသအတွင်းရှိ ကရင်နီ စစ်ဘေးရှောင် ၅၀၀ ကျော် စားနပ်ရိက္ခာ နဲ့ စောင်တွေ အရေးပေါ်လိအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတလူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး အင်းလေးဒေသခံကို စစ်ရှောင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြတာပါ။

“အဓိကလိုအပ်နေတာက စားနပ်ရိက္ခာ၊ စောင် နဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေပါ။ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေများလာလို့ အကူအညီတွေ များစွာ လိုအပ်နေတယ်” လို့ ပရဟိတလူငယ်က ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့တွေကဖြစ်ပြီး အိမ်ထောင်စု ၁၂၀ ကျော်လောက်ရှိပြီး အလှူရှင်တွေအနေနဲ့လည်း အင်းလေးဒေသအတွင်းရှိ စစ်ရှောင်စခန်းတွေကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up