close

နည်းပြဆီမြွန်နီကို ဝေဖန်ခဲ့ခြင်းမဟုတ်ဟု ဇာဗီ ပြန်လည်ရှင်းလင်း

တချိန်က နည်းပြဆီမြွန်နီရဲ့ ကစားပုံကို ဝေဖန်ခဲ့တာမျိုးမဟုတ်ဘဲ အမြင်မတူတဲ့အခြေအနေ သာဖြစ်တယ်လို့ နည်းပြဇာဗီက ပြောပါတယ်။ 

ဇာဗီက တချိန်က အက်လက်တီကိုအသင်းရဲ့ ကစားပုံဟာ ခံစစ်ဦးစားပေးတာကြောင့် အသင်းကြီးတစ်သင်းရဲ့ အဆင့်အတန်းမှာမရှိခဲ့ဘူးလို့ မှတ်ချက် ပေးခဲ့တာပါ။

နည်းပြဆီမြွန်နီကတော့ ဘာစီလိုနာနဲ့ပွဲမတိုင်ခင်မှာ အဲဒီအကြောင်းကို ပြန်လည် ပြောခဲ့ပြီး ဘာစီလိုနာကို အသင်းကြီးတစ်သင်းလို ကစားပြပါလို့ ဇာဗီကိုပြန်လည်တုံ့ပြန်ခဲ့တာပါ။ 

မနေ့ညက ပွဲစဉ်မှာတော့ ဇာဗီရဲ့ ဘာစီလိုနာက အက်သလက်တီကို ၄ ဂိုး ၂ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။  ပွဲအပြီးမှာတော့ နည်းပြဆီမြွန်နီနဲ့ အမြင်မတူတာသာဖြစ်ပြီး ဝေဖန်စကားဆိုခဲ့တာမဟုတ်ကြောင်း၊ ဆီမြွန်နီဟာ ခမ်းနားကြီးကျယ်တဲ့ နည်းပြတစ်ဦးဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။

သူ့အကြောင်းကို ပြောခဲ့တုန်းက တိုက်ခိုက်တာမဟုတ်ဘဲ   ဘောလုံးကို ကွဲပြားတဲ့နည်းလမ်းနဲ့ ရှုမြင်ခဲ့ကြတာဖြစ်ကြောင်း သူတို့က ဘောလုံးမပါဘဲ ကစားရတာကို သက်သောင့်သက်သာဖြစ်ပြီး   ဘောလုံးရရှိ မနေဘူးဆိုရင် သက်သောင့် သက်သာမရှိကြောင်း  ဇာဗီက ပြောပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာဟာ မနေ့ညကလာလီဂါပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up