close

ကျိုက်ထို မီးရထားလမ်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်နဲ့ စွပ္ပနူးကျေးရွာကြားက ဦးကြာရိုးတံတား မီးရထားလမ်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းဟာ စစ်ကောင်စီဘက်က အဓိက အသုံးပြုနေတဲ့အတွက်ကြောင့် စစ်ရေးပစ်မှတ်သတ်မှတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံတွေအဆိုအရ မီးရထားလမ်းမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းအရ မီးရထားရုံပိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေ သွားရောက်စစ်ဆေးရာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် မီးရထားရုံပိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

မီးရထားလမ်း ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မုပ္ပလင်နဲ့ စွပ္ပနူးကျေးရွာကြားရှိ လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up