ရန်ကုန်-မော်လမြိုင် အာရှလမ်းမကြီးတွင် စစ်ကောင်စီယဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မော်လမြိုင်ကားလမ်း အာရှလမ်းမကြီးပေါ်ရှိ စစ်ကောင်စီယာဉ်တန်းအား ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်အချိန်လောက် မိုင်း ၃ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ဘီလင်းမြို့နယ် ကမာဆိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း (အာရှလမ်းမကြီး) ပေါ် စစ်ကောင်စီယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ TPG ပူးပေါင်းအဖွဲ့တို့က မိုင်းကြီးသုံးကြိမ်ဆွဲခဲ့တာလို့ ဆိုပါတယ်။
ဒါအပြင် လက်နက်ကြီးသုံး လုံးလက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ကား ၂ စီး ပျက်စီးခဲ့ပြီး တပ်သား အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျဆုံးသူတွေကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆို တိုက်ခိုက်မှုမှာ သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ KNLA ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း စစ်ကောင်စီတပ်စခန်းတခုကို PDF နဲ့ KNLA တပ်ဖွဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။