close

ထိပ်ဆုံး လေးသင်းစာရင်းဝင်ရန် ခက်ခဲသွားပြီဟု မန်ယူနည်းပြ ရင်းနစ်ခ် ဝန်ခံ

မန်ယူနိုက်တက်အသင်းအနေနဲ့ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ ခက်ခဲသွားပြီဖြစ်တယ်လို့ နည်းပြ ရက်ဖ်ရင်းနစ်ခ်က ဝန်ခံစကားဆိုသွားပါတယ်။ 

မနေ့ညက ဆောက်သမ်တန်နဲ့ အိမ်ကွင်းမှာ တစ်ဂိုး စီသရေကျပြီးတဲ့နောက်မှာ အသင်းရဲ့အခြေအနေက အဆင့်လေးဝင်ဖို့ ခက်ခဲသွားပြီလို့ ရင်းနစ်ခ်က  ပြောခဲ့တာပါ။ 

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၂၄ ပွဲကစားအပြီးမှာ ၁၁ ပွဲနိုင် ၇ ပွဲသရေ၊ ၆ ပွဲရှုံးရလဒ်နဲ့ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ အဆင့် ၆ က အာဆင်နယ်၊ အဆင့် ၇ က စပါးနဲ့ အဆင့် ၈ က ဝုဗ်အသင်းတွေဟာ မန်ယူအသင်းထက် ၂ ပွဲကနေ ၃ပွဲအထိ ကစားရဖို့ ကျန်သေးတာပါ။ 

ဒီအခြေအနေက ရာသီအကုန်မှာ အဆင့်လေးအတွင်းဝင်ဖို့ ခက်ခဲလိမ့်မယ်လို့ နည်းပြရင်းနစ်ခ်က ပြောပါတယ်။ 

“အဆင့်လေးအတွင်း ဝင်ဖို့ ခက်ခဲသွားတာ အမှန်ပါပဲ။ ဒီပွဲက ကစားပြီးခဲ့တဲ့ ၅ ပွဲ ၆ ပွဲလောက်မှာ ၁ ဂိုး ဒါမှမဟုတ် ၂ ဂိုးသွင်းပြီးမှာ သရေကျခဲ့ရတဲ့ စတုတ္ထမြောက်ပွဲစဉ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဗီလာ၊ ဘန်လေပွဲတွေနဲ့ပါ ရေတွက်ကြည့်ရင် ၆ မှတ်ဆုံးရှုံးခဲ့ရတယ်။ ဒါက စိတ်ပျက်စရာကောင်းပေမယ့် အဲဒါကအသင်းကို ကူညီနိုင်မှာ မဟုတ်လို့ လာမယ့်ပွဲစဉ်တွေအတွက် အကောင်းဆုံးပြင်ဆင်ဖို့ပဲရှိပါတယ်။” 

ယူနိုက်တက်အသင်းသားတွေအနေနဲ့ ဖိအားတွေကြောင့် တည်ငြိမ်မှုပျောက်ဆုံးနေပြီး အဲဒီအပိုင်းမှာလည်း ပိုကောင်းဖို့ လိုအပ်ကြောင်း နည်းပြရင်းနစ်ခ်က ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up