close

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားသည့် ရွေးကောက်ပွဲအမှု တရားလိုကို စစ်ဆေး

စစ်ကောင်စီက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ဆိုပြီး စစ်ကောင်စီကနေ ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီရဲ့ ပြည်ထောင်ရွေးကောက်ပွဲကော်မရှင်က တရားလို ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းကို စတင်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

အမှုမှာ တရားလိုပြသက်သေ ၂၀ ဦးထိရှိပြီး CMP ညှိနှိုင်းမှုအရ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ရုံးချိန်းကစပြီး လိုပြသက်သေတွေကို စစ်ဆေးကာ ဧပြီ ၁၈ ရက်နေ့မှာ အပြီးစစ်ဆေးမှာဖြစ်ပါတယ်။

ဒါအပြင် ဧပြီ ၂၅ ရက်နေ့မှာ စွဲချက်လျှောက်လဲချက်တင်ပြီး မေလ ၂ ရက်နေ့မှာ စွဲချက်အမိန့်ချပြီးပါက စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထုပ်လုပ်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up