မတ္တရာတွင် စစ်ကောင်စီယာဉ်နှစ်စီး မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့ကနေ မတ္တရာအရှေ့ပိုင်းနယ်ကို နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီ ယာဉ်နှစ်စီး မတ္တရာမြို့နယ် လမိုင်းအုပ်စု၊ မန်းကျည်းကုန်းကျေးရွာ နဲ့ ရွာသာယာကျေးရွာ အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်တစ်စီး ပျက်စီးသွားပြီး အထိအခိုက်များနိုင်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားရာနေရာကို ည ၁၁ နာရီအချိန်လောက် မတ္တရာမြို့ကနေ လူနာတင်ယာဥ်နှစ်စီး ရောက်ရှိပြီး လူနာသယ်ယူခဲ့ကြတယ်လို့လည်း နယ်ခံတွေက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပ.က.ဖ-မတ္တရာ နဲ့ Mandalay People 's Defense Force (MPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။