ကမ္ဘောဒီးယားနိုင်ငံ၌ အသက် ၃ နှစ်မှစပြီး ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၃ နှစ်က စတဲ့ ကလေးတွေကို ဖေဖော်ဝါရီ ၂၃ ရက်က စပြီး ကိုဗစ်နိုင်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးနေပါတယ်။
ဒါကြောင့် ကမ္ဘောဒီးယားဟာ အသက် ငါးနှစ်အောက် ကလေးတွေကို စပြီး ကာကွယ်ဆေး ထိုးပေးတဲ့ ပထမဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာပါတယ်။
ပြည်သူ ၁၆ သန်းထဲကမှ အသက် ၃ နှစ်ကနေ ၅ နှစ်ကြား ကလေးတွေကို မြို့တော် ဖနွမ်ပင်ကနေ စပြီး ကာကွယ်ဆေး ထိုးပေးနေတာပါ။
ဆေးခန်းတွေအပြင်မှာ ရာချီတဲ့လူတွေ တန်းစီနေပြီး ဆေးဘက် ဝန်ထမ်းတွေက ဝတ်စုံပြည့် ဝတ်ဆင်ရင်း ကာကွယ်ဆေး ထိုးပေးတာကို ကြီးကြပ်နေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ သူ့နိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးလို့ ပြီးစီးခဲ့ပြီး ဒေသတွင်း ကာကွယ်ဆေးထိုးနှုန်း အမြင့်ဆုံးနိုင်ငံ စာရင်းဝင်ခဲ့တယ်လို့ Our World in Data အင်တာနက်စာမျက်နှာက ပြောပါတယ်။
ဇန်နဝါရီလထဲမှာတော့ ကူးစက်ခံရမယ့်ဘေး အများဆုံး အုပ်စုကို လေးကြိမ်မြောက် ထိုးဆေး ထိုးပေးပြီးပါပြီ။
ကမ္ဘောဒီးယားမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၁ သိန်း ၂ သောင်း ၇ ထောင်ကျော် ရှိခဲ့ပြီး ကူးစက်ခံ ၃၀၂၄ ဦး သေဆုံးခဲ့ပါတယ်။